奨学金・Scholarships・IMG မှ လျှောက်ထားနိုင်သော စကောလာများ
[2028 April Intake] 2 Year LS Scholarship ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်ကျောင်းတွင် ဂျပန်ဘာသာကို (၂)နှစ်သင်ကြားရမည်။ ထို့နောက် မိမိတက်ရောက်လိုသော ကောလိပ်၊ တက္ကသိုလ် များကို ရွေးချယ်တက်ရောက်နိုင်သည်။ စကောလာထောက်ပံ့ငွေရယူနေစဥ်နှင့် ရယူပြီးနောက်တွင် ပြန်ဆပ်ရန်မလို၊ အလုပ်လုပ်ကိုင်ပေးရန်လည်းမလိုပါ။
01-03-2027 မှ 31-05-2027 အတွင်းလျှောက်ထားနိုင်သည်။
[2028 April Intake] LS 1 Year ကို စကောလာဖြင့် တက်ရောက်ပြီး၊ ကျောင်းပြီးနောက် ကောလိပ်/တက္ကသိုလ်စသည့် ကျောင်းဆက်တက်ခြင်း (သို့မဟုတ်) အလုပ်ဗီဇာ တစ်ခုခုသို့ ကူးပြောင်းနိုင်သည်။
01-01-2027 မှ 31-05-2027 အတွင်းလျှောက်ထားနိုင်သည်။
[2027 Oct Intake] 1+3 Kaigo (Tokuteigino)Scholarship ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်ကျောင်းတွင် ဂျပန်ဘာသာကို(၁)နှစ်သင်ကြားရမည်။ ထို့နောက်တိုကုတေးဂီနိုး ခိုင်းဂို(ပြုစုစောင့်ရှောက်ရေး)စာမေးပွဲဖြေဆိုပြီး တိုကုတေးဂီနိုးဗီဇာဖြင့် (၃)နှစ် အလုပ်လုပ်ကိုင်ရမည့် အစီအစဥ်ဖြစ်သည်။
01-02-2027 မှ 30-04-2027 အတွင်းလျှောက်ထားနိုင်သည်။
[2027 April Intake] Kaigo College
2+5 Kaigo Fukushi-shi စကောလာသည်
ခိုင်းဂို(ပြုစုစောင့်ရှောက်ရေး)ကောလိပ်တွင် (၂)နှစ်ပညာသင်ကြားပြီးနောက်၊ မိမိအားစကောလာချေးငွေပေးအပ်သည့် ပြည်နယ်(သို့မဟုတ်)အဖွဲ့အစည်း၏ သတ်မှတ်လုပ်ငန်းခွင်တွင် အစိုးရလက်မှတ်ရ ခိုင်းဂိုပညာရှင်အနေဖြင့် (၃)နှစ်(သို့မဟုတ်)(၅)နှစ် အလုပ်လုပ်ကိုင်မည့် သူများကိုပေးအပ်သည့် စကောလာချေးငွေဖြစ်သည်။
(၁)ခိုင်းဂို(ပြုစုစောင့်ရှောက်ရေး)ပညာသင် ကောလိပ်တွင် (၂)နှစ်သင်ကြားရမည်။
(၂)ထို့နောက်ခိုင်းဂို ဖုကုရှီ(အစိုးရအသိအမှတ်ပြု ပြုစုစောင့်ရှောက်ရေး ပညာရှင်)စာမေးပွဲဖြေဆိုအောင်မြင်ပြီးနောက်
(၃)ခိုင်းဂို work-visa ဗီဇာဖြင့် (၅)နှစ် အလုပ်လုပ်ကိုင်ရမည့် အစီအစဥ်ဖြစ်သည်။
01-08-2026 မှ 10-02-2027 အတွင်းလျှောက်ထားနိုင်သည်။
1+2 Building Cleaning (Tokuteiginou) Scholarship ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်ကျောင်းတွင် ဂျပန်ဘာသာကို(၆)လသင်ကြားရမည်။ ထို့နောက်တိုကုတေးဂီနိုး အဆောက်အဦးသန့်ရှင်းရေးစာမေးပွဲဖြေဆိုပြီး တိုကုတေးဂီနိုးဗီဇာဖြင့် (၂)နှစ် အလုပ်လုပ်ကိုင်ရမည့် အစီအစဥ်ဖြစ်သည်။
01-10-2024 မှ 01-02-2025 အတွင်းလျှောက်ထားနိုင်သည်။
1+3 Automobile Maintenance (Tokuteiginou) ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်ကျောင်းတွင် ဂျပန်ဘာသာကို(၁)နှစ်သင်ကြားရမည်။ ထို့နောက်တိုကုတေးဂီနိုး မော်တော်ကားပြင်စာမေးပွဲဖြေဆိုပြီး တိုကုတေးဂီနိုးဗီဇာဖြင့် (၃)နှစ် အလုပ်လုပ်ကိုင်ရမည့် အစီအစဥ်ဖြစ်သည်။
01-01-2024 မှ 01-04-2025 အတွင်းလျှောက်ထားနိုင်သည်။